ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာ အခြေခံပညာ(မူလတန်းလွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဘီးလင်း ဇူလိုင် 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁)နာရီက ဘီးလင်းမြို့နယ် အနိုင်ပွန်ကျေးရွာ(မူလတန်းလွန်)ကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအ​ပြင်ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုကြရေး၊ လူငယ်များလမ်းမှားမရောက်အောင် မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေးစသည်တို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ရသစာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုစေပြီး  မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကွမ်းတံတွေးထွေးမှုများ ကျဆင်းပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြိုနယ်  (ပြန်/ဆက်)