ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

သထုံ ဇူလိုင် ၅

မွန်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ်အားကစားကွင်း၌ စတင်ကျင်းပသည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်နှင့် တက္ကသိုလ်ကိုယ်စားပြု ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် နှစ်စဉ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလျက်ပေးလျက်ရှိကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားသမားများအချင်းချင်း စည်းလုံးချစ်ကြည်ရင်းနှီးမှုရှိပြီး တရားသောစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲပထမပွဲစဥ်အား ကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ဌာနမှူးများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများက တပျော်တပါး ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယနှစ်ဝက်)နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမနှစ်ဝက်) သင်တန်းတို့မှ ကျောင်းသား ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သင်တန်းနှစ်အလိုက် အုပ်စုပတ်လည် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)