သံဖြူဇရပ်မြို့နယ်၌ မွေးမြူရေးတိရစ္ဆာန် ကျွဲ၊ နွားများ အားလည်ချောင်းကွဲကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

သံဖြူဇရပ် ဇူလိုင် ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သစ်ရပ်ကွက်သို့သွားရောက်၍ မွေးမြူရေးတိရစ္ဆာန် ကျွဲ၊ နွားများအား လည်ချောင်းကွဲကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျွဲ၊ နွားကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ထိုးနှံပေးခြင်းဖြစ်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းနှင့်ဝန်ထမ်းများက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သစ်ရပ်ကွက်သို့သွားရောက်ပြီး ရပ်ကွက်အတွင်းရှိကျွဲ နွားကောင်ရေ (၁၃၇) ကောင်အား ထိုးနှံပေးခဲ့ပြီး၊ အလားတူ ဇူလိုင် ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင်လည်း ကျုံကဒတ်ကျေးရွာနှင့် ပငကျေးရွာတို့တွင် ကျွဲနွာကောင် ရေ စုစုပေါင်း (၇၇၂) ကောင်ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)