မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာ သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG, G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံမွေးမြူရေး ပညာပေးသင်းတန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးဆောင်၍ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက်ရည်ရွယ်၍ အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်‌ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၆ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌များကို သထုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆက်လက်ထုတ်ချေးပေးရာ ယမန်နေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူတို့မှ ကြည့်ရှုအားပေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းစတုတ္ထအကြိမ် ညီလာခံကျင်းပနိုင်ရေး အကြိုညှိ့နှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၊ မြို့နယ်စာရေးဆရာအသင်း စတုတ္ထအကြိမ် ညီလာခံကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြလုပ်သည်။

မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် မော်လမြိုင်မြို့၊ လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေး စီမံကိန်းလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူဖုံစွာရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေးစီမံကိန်းလုပ်ငန်းခွင်သို့ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ချောင်းဆုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး (Abate)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို မေလ ၁၂ ရက်နေ့က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)ကာလအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဘီးလင်းမြို့နယ်ဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ စစ်ဆေးကုသပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ကျေးရွာအသီးသီးတို့၌ လိုက်လံပြုလုပ်လျက်ရှိရာ မေလ ၁၂ ရက်နေ့က သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို မေလ ၁၂ ရက်နံနက် (၁၀) နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်