မွန်ပြည်နယ်

မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မော်လမြိုင် သားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် (မော်လမြိုင်) သားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း မော်လမြိုင်၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိများ၊ သင်တန်းကျောင်းမှ သင်တန်းဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်သည်။

သထုံမြို့နယ်တွင် ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း ဆောက်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းက လိုက်လံ‌ဆောက်ရွက်ခဲ့ကြသည်။

မုဒုံမြို့နယ်တွင် နွေစပါး (၁၃၇၆) ဧက ရိတ်သိမ်းခြွေလှေ့ ပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေစပါး စိုက်ဧက (၁၃၇၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မုဒုံမြို့၌ စံပယ်ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် မြေအောက်ရေစနစ်ဖြင့် တစ်ပိုင်တစ်နိုင်နွေစံပယ်များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် လက်တက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက လက်တက်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့သည်။

မုဒုံမြို့နယ် လက်တက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက လက်တက်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့ သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့‌နံနက်ပိုင်းက ပေါင်းရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာရင်‌သွေးရတနာ ယဥ်ကျေးလိမ္မာသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏ၀တီမြို့၊ တံတားဦးကျေးရွာအုပ်စု၊ နန်းတောင်းကျေးရွာတွင် ဓမ္မသုတရံသီအသင်းမှ နွေရာသီကျောင်းပိတ်ရက်ကာလ၌ စီစဉ်ဖွင့်လှစ်ခဲ့သည့် အခြေခံဗုဒ္ဓဘာသာရင်သွေးရတနာ ယဥ်ကျေးလိမ္မာသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနားကို မေလ ၁၃ ရက်၊ နံနက်ပိုင်းက နန်းတောင်ကြီး‌ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်၌ ကလေးအလုပ်သမားပ‌ပျောက်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချ‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအား “ကလေးအလုပ်သမားပ‌ပျောက်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး” ဟောပြောပွဲကို မြန်မာရှင်းရှင်းမက်တယ်ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံတွင် ယနေ့နံနက်ပိုင်း ကကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်