မော်လမြိုင်မြို့နယ်၌ ကလေးအလုပ်သမားပ‌ပျောက်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချ‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် မေ ၁၃

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအား “ကလေးအလုပ်သမားပ‌ပျောက်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး” ဟောပြောပွဲကို မြန်မာရှင်းရှင်းမက်တယ်ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသည့် စက်ရုံအလုပ်သမားများအား မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ ပေါ်ပေါက်လာရခြင်းအကြောင်းရင်းများ၊ ကလေးအလုပ်သမား အများဆုံးတွေ့မြင်ရသည့် အလုပ်ဌာနများနှင့် အလုပ်အကိုင်အမျိုးအစားများ၊ ကလေးအလုပ်သမားအခွင့်အရေးများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသည့်ဆိုင်များနှင့် အလုပ်ဌာနများကို အရေးယူနိုင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းတို့ကိုလည်းကောင်း မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်တာဝန်ခံဦးသက်နိုင်က မီးခိုး/မြူငွေ့လျှော့ချရေးအစီအစဉ်အားလည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုကာ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် မီးခိုးမြုငွေ့လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)