ချင်းပြည်နယ်

COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ချင်းပြည်နယ် ဟားခါးမြို့တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယလူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီစောင့်ကြပ် ကုသနိုင်ရေးအတွက် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၊ အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)တို့တွင် ကြိုတင်ပြင်ဆင်မှုများထားရှိရာ အဆိုပါနေရာများအား ယနေ့ညနေ ၆ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ် မင်းတပ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနား ကျင်းပသည်။

ချင်းပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထန်းချုပ်နိုင်ရေးနှင့် ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များအား ပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄နာရီတွင် ဟားခါးမြို့၊ အဝေးပြေးကားဂိတ်သို့ ရောက်ရှိပြီး သက်ဆိုင်ရာ မော်တော်ယာဉ်ဂိတ်များ၊ ခရီးသွားပြည်သူများအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်ထား

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ထားကြောင်း ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ပြောသည်။

ရိခေါ်ဒါရ်၌ တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးအား နေအိမ်တွင် Home Quarantineစောင့်ကြည့်မှု ခံယူဆောင်ရွက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်နေ ဒေါ်နူကုန်း၏ နေအိမ်သို့ ယမန်နေ့က ရောက်ရှိလာကြောင်း သိရှိ၍ ရိခေါ်ဒါရ်မြို့အုပ်ချုပ် ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့အဖွဲ့သည် အဆိုပါ အမျိုးသမီးရောက်ရှိသည့် နေအိမ်သို့ သွားရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေး တီးတိန်၌ပြုလုပ်

ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ခွာဒိုခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး မင်းတပ်ကောလိပ် အဆောက်အဦး တည်ဆောက်နေမှုနှင့် မြေနေရာပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက် ၄ မိုင်၌ မင်းတပ်ကောလိပ် အဆောက်အဦးတည်ဆောက် နေမှုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က ပြည်သူများ ဆန်ပြတ်လပ်မှုမရှိစေရေး သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေး

ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က ဖလမ်းမြို့တွင် နေထိုင်ကြသော ပြည်သူများအတွက် ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် မိသားစု တစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် မတ် ၂၆ ရက်မှစ၍ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကားနှစ်မျိုးဖြင့် လှည့်လည်အသိပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လတ်တလောဖြစ်ပေါ် ပြန့်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက် များကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ်လ ၂၅ ရက်စွဲဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကား နှစ်မျိုးဖြင့် ထုတ်ပြန်ပြီး အဆိုပါ အသိပညာပေးခြင်း ကို ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးဆော်သြခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ပြည်သူများအား အခြေခံစားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကုန်စျေးနှုန်း မြှင့်တင်ရောင်းချခြင်း မရှိဘဲ ရောင်းချပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပြည်သူများအနေဖြင့် ကမ္ဘာ့နိုင်ငံအနှံ့ပြန့်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုကြောင့် ပြည်သူများ ဝမ်းစာပြတ်လတ်မှုနှင့် စားသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မည်ကို စိုးရိမ်သူများရှိကြပါသော်လည်း ရိခေါ်ဒါရ်မြို့၌ လက်ရှိအခြေအနေ အထိ ဆန်နှင့်အတူ အခြားစားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်