ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များနှင့် Mask N-95 အမျိုးအစား(၂၆၀)ကျော် အခမဲ့ဖြန့်ဝေ
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် အခမဲ့လိုက်လံ ဖြန့်ဝေပေးလျက်ရှိပြီး ဟားခါးမြို့၊ပြည်သူ့ဆေးရုံနှင့် စျေးအတွင်း Mask N-95 အမျိုးအစား (၂၆၀)ကျော် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။