အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် ရေဇွာမြို့ ဌာနဆိုင်ရာအားလုံး စုပေါင်းပြီး အသက်(၈၀)နှင့်အထက်ဘိုးဘွား(၄၆)ဦးအား ကန်တော့
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက် သည့် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အဖြစ် ရေဇွာမြို့ ဌာနဆိုင်ရာများ စုပေါင်းပြီး အသက်(၈၀)နှင့်အထက် ဘိုးဘွား(၄၆)ဦးအားအိမ်တိုင်ရာရောက် ကန်တော့ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။