ချင်းပြည်နယ်

မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ပိုမိုများပြားလာသည့်အတွက် ခရိုင်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စတုတ္ထအကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွန်းဇံမြို့၌ မဲရုံလုံခြုံရေးများ ဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

တီးတိန်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် တားဆီး၊ ထိန်းချုပ်နိုင်ရေး အသိပညာပေးဆောင်ရွက်

တီးတိန်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များ၊ သတိပေးညွှန်ကြားချက်များ လိုက်နာစေရေး မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့ မွန်းလွဲ ၁နာရီတွင် စားသောက်ဆိုင်များ၌ အသိပညာပေးဆောင်ရွက်သည်။

ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ​ နောက်ဆုံးအကြိမ်အဖြစ်ကပ်ထား ကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးများ၊ ဟားခါးမြို့ပေါ်တွင် (၁၁)နေရာနှင့် ကျေးရွာအုပ်စုများ တွင်(၆၈)နေရာ စုစုပေါင်း (၇၉)နေရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ၍ကပ်ထား ကြေညာခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာ၌ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲအပြည့်အဝပေးနိုင်ရေးတို့အတွက် ဒုတိယအကြိမ်အဖြစ် အခြေခံမဲစာရင်းများ ကပ်ထားကြေညာခြင်းကို လိုင်လင်းပီမြို့၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁) ရပ်ကွက်ရှိ MTP Hall နှင့် အမှတ်(၂)ရပ်ကွက်ရှိ KTP Hall တို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာ ပေးလျက်ရှိကြသည်။

ထန်တလန်မြို့၌ ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို ယနေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

ရေဇွာမြို့၊ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များ အနေဖြင့် ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ခိုင်ကမ်းမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ်ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ၈ နာရီမှစ၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ကြောင်းသိရှိရသည်။

မတူပီမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ၊ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်နေသည့် Cash for Work စီမံကိန်း လုပ်ငန်းများပြီးစီး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်လျက် တစ်ရွာလျှင် ကော်မတီ(၉)စီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်