ချင်းပြည်နယ်

မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူသူ လူနာအမှတ်(၂၃၁၃၆)အား ဆေးရုံဆင်းခွင့်ပြု

မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ လူနာအမှတ်(၂၃၁၃၆) ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဆေးရုံဆင်းခွင့်လက်မှတ် ပေးအပ်ခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာစောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၂၄ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဦးမန်ဟင်းဒါလ်း တီးတိန်ပိုးချည်စက်ရုံ၏ ခေတ်မီပိုးချည်စက်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီပိုးချည်စက်သစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ က တီးတိန်မြို့ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၌ ပြုလုပ်သည်။

ရိခေါ်ဒါရ်မြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ အသက် (၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား Human Papilloma Virus (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိခေါ်ဒါရ်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျီခါးမြို့၌ Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး ရောဂါပိုးမတွေ့သူ အမျိုးသား (၅) ဦးအား ကျန်းမာကြောင်း ထောက်ခံစာများ ပေးအပ်

ချင်းပြည်နယ်၊ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှပြန်လည် ၀င်ရောက်လာသည့် နေရပ်ပြန်များအား မြန်မာ-အိန္ဒိယ နယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပြန်လည်လက်ခံ၍ အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်ထားလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်တွင် Facility Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး Swab နမူနာ(၂)ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သူ အမျိုးသား(၅)ဦးအား ကျန်းမာကြောင်းထောက်ခံစာများပေးအပ်ပြီး ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဟားခါးမြို့၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းတပ်မြို့တွင် Facility Quarantine နေထိုင်ပြီးသူများအား အိမ်ပြန်ခွင့်လက်မှတ်ပေးအပ်

မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်ပြီးသူများအား ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်ရှိ ဆက်သွယ်ရေးခက်ခဲသည့် မဲရုံများအတွက် လက်ကိုင်စကားပြောစက်(၂၅)လုံး ထားရှိသွားမည်

မင်းတပ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၁၁၆)ရုံဖြင့် ကျင်းပမည်ဖြစ်ရာ တယ်လီဖုန်းလိုင်းမရသည့် မဲရုံ(၂၅)ရုံအတွက် လက်ကိုင် စကားပြောစက် (၂၅)လုံး ထားရှိသွားမည် ဖြစ်သည်။

ရိခေါ်ဒါရ်အခြေခံပညာ အထက်တန်းကျောင်း လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦတစ်လုံး ဆောက်လုပ်ပြီးစီး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦ တစ်လုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ရာ လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီး

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် ယ‌နေ့နံနက်ပိုင်းက ဦးဟာဘာကုတ်​ နေအိမ် ထိခိုက်ပျက်စီး သွားကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်