ချင်းပြည်နယ်

ရိခေါ်ဒါရ်မြို့၌ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းတစ်ဦး အသတ်ခံရ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ခေါင်းဖြတ်သတ်ခံရကြောင်း သိရသည်။

မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေး

မင်တပ်မြို့နယ်အတွင်းရှိ မဲရုံ (၁၁၆) ရုံအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှပေးပို့လှူဒါန်းသော ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ခွဲဝေထုတ်ပေးခြင်းကို ယနေ ့နံနက် (၉) နာရီအချိန်တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထန်တလန်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံများပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မဲရုံများ ပြင်ဆင်ထားရှိမှု တို့အား ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့နယ်ရှိ သဘာဝဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးပေး

မင်းတပ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေးအတွက် အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့်ကျန်းမာရေး စစ်ဆေးပြီး မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက် ဖြတ်သန်းခွင့် ပြုလျက်ရှိသည်။

ကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင်အသုံးပြုမှု ရှိ/မရှိနှင့် သက်တမ်းလွန် စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်း စစ်ဆေး အသိပညာပေး

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Maskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ နိုဝင်ဘာ ၃ ရက်နေ့က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက် ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင်အသုံးပြုမှု ရှိ/မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခဲ့ကြကြောင်း သိရှိရသည်။

ထန်တလန်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

ထန်တလန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနံက် ၉ နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျီခါးမြို့၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌တာ၀န်ထမ်းဆောင်ကြမည့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

ထန်တလန်၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် သတလန်ကျေးရွာတွင် စပါးစိုက် လယ် ၂ ဧက ပျက်စီး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ သီခွန်သုမ်အုပ်စု၊ သတလန်ကျေးရွာတွင် ယမန်နေ့ ညနေ အချိန်တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် လဗာချောင်းရေကြီးကာ တောင်ကမ်းပါးပြိုကျပြီး စပါးစိုက်လယ် ၂ ဧက ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်