ကန်ပက်လက်မြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်(S.O.P)များ နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။