ချင်းပြည်နယ်

မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူဆောင်ရွက်

မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူခြင်းကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ စံပြရပ်ကွက် မြို့မစျေးရှေ့ မင်းတပ်-မတူပီ ကားလမ်းမပေါ်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign )အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယမန်နေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများအား ပြည်သူများထံ ချပြခြင်းအခမ်းအနားသို့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တက်ရောက်

ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများအား ပြည်သူများထံ ချပြခြင်းအခမ်းအနားကို ယမန်နေ့က ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ Case- 95143 တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ Case- 95143 ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးတွင် Test Kit ဖြင့် စစ်ဆေးရာ ဂိတ်ယာဉ်နောက်လိုက်တစ်ဦး၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့နံနက်ပိုင်းတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၃ ဦးကို Test Kit ဖြင့် စစ်ဆေးရာမှ ကလေးမြို့မှ တီအိုချောင်းသို့ ကုန်စည်ပစ္စည်းများနှင့် ကွမ်းသီးများပို့ဆောင်မည့်ကုန်တင်ကား၏ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

မတူပီမြို့ ငလိုင်ကျေးရွာ၌ မဟာဓာတ်အားလိုင်း မီးလင်းရေးအောင်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ မဟာဓာတ်အားလိုင်းမီးလင်းရေး အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ငလိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အဓိကလမ်းများအား လမ်းအညွှန်းများ စိုက်ထူ

ချင်းပြည်နယ်၊ ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းအဓိကမိန်းလမ်းများအား လမ်းအညွှန်းများ စိုက်ထူတပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ် အမျိုးသမီး ကော်မတီဉက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျီခါးမြို့၌ Facility Quarantine Center အဆောက်အဦဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ချင်းပြည်နယ်၊ဖလမ်းခရိုင်၊ကျီခါးမြို့၌ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန် ၏ စီစဉ်ပေးမှုဖြင့် နေရပ်ပြန်များ ထားရှိမည့်  Facility  Quarantine  Centerအဆောက်အဦကို ကျီခါးတိုက်နယ်ဆေးရုံအနီး၌ ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO) အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိတိုရိယ တောင်ပေါ်သို့ မော်တော်ယာဉ် တက်ရောက် မှုများ တားမြစ်ကန့်သတ်တော့မည်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယတောင်ပေါ်သို့ မော်တော်ကား၊ မော်တော် ဆိုင်ကယ် တက်ရောက်မှုများကို တားမြစ်ကန့်သတ်သွားမည်ဟု ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ မွန်းလွဲ(၁)နာရီ တွင်ကျင်းပပြုလုပ်ခဲ့ကြသည့် ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO)အစည်းအဝေးအရ သိရသည်။
Subscribe to ချင်းပြည်နယ်