ဖလမ်း ဒီဇင်ဘာ ၉
မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ( Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ဦးစီးအရာရှိ ဦးရှိန်းတမ် က ဦးဆောင်ဆွေးနွေးကာ ဖလမ်းမြို့ မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သိန်းဇော်က မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် ဖြစ်ပေါ်တတ် သော လက္ခဏာများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ ကိုလည်းကောင်း၊ ဖလမ်းမြို့နယ်ဥပဒေအရာရှိ ဦးမင်းသူက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော တားမြစ်ဆေးဝါးဆိုင်ရာဥပဒေ၊ ပုဒ်မများ၊ ပြစ်မှုဖြစ်ဒဏ်များကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးမှု ဗီဒီယိုအပြည့်အစုံကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Facebook Page ဖြစ်တဲ့ IPRD Falam တွင် ပြည်သူများ အလွယ်တကူ လေ့လာကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်