ငွေကျပ်သန်း ၁၀ နှင့် ၁၀၀ သန်းကြား ၊ သန်း ၁၀၀ အထက် တင်ဒါအောင်မြင်သည့် စာရင်းကြေညာ

ကန်ပက်လက် ဒီဇင်ဘာ ၁၅

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ် ၁၀ သန်းနှင့် ၁၀၀ သန်းကြား၊ သန်း ၁၀၀ အထက်လုပ်ငန်းများ တင်ဒါ အောင်မြင်သည့်လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ယမန်နေ့က ကြေညာခဲ့သည်။

အဆိုပါတင်ဒါအောင်မြင်သည့် စာရင်းကို တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီမှ ၂၅-၁၁-၂၀၂၀ ရက်နေ့ ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၀) တွင် အတည်ပြုပြီးဖြစ် ကြောင်းနှင့် ကျပ်သန်း ၁၀၀ အထက် လုပ်ငန်း (၂) ခု ဖြစ်သည့် ဝန်ထမ်းအိမ်ရာ RCC (၂) ခန်းတွဲ (၂) ထပ် (၄၄'×၃၀'×၂၂') တည်ဆောက်ခြင်းနှင့် အဆင့်မြင့် VIP ရိပ်သာ RCC (၂) ထပ်  (၁၀၀'×၅၀'×၂၄')တည်ဆောက်ခြင်း တို့ဖြစ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှာ Top Blessing နှင့် ရာပြည့်အောင် ကုမ္ပဏီတို့ဖြစ်ကြောင်း နှင့် ကျပ် ၁၀ သန်းနှင့် ၁၀၀ သန်းကြား လုပ်ကိုင်မည့် လုပ်ငန်း ၂၃ ခုအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၇ ခု နှင့် ဌာနမှ ၃ ခု တို့ဖြစ်ကြောင်း သိရသည်။

ယင်းတင်ဒါအောင်မြင်သည့် စာရင်းကို ဌာနတွင်းကြော်ငြာသင်ပုန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ပြဘုတ်နှင့် မြို့တွင်းရှိ အများမြင်သာသည့် နေရာများတွင် ပြည်သူသိရှိနိုင်ရန် ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

လှသန်းရီ (ပြန်/ဆက်)