ချင်းပြည်နယ်

မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအနေဖြင့် နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များကို မင်းတပ်မြို့ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီတွင် မင်းတပ်မြို့ မြို့မစျေးရှေ့၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

မင်းတပ်မြို့နယ်တွင် စပါး (၄) မျိုးစမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်း

ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် (၃) ခုတွင် ရေမြေဒေသရာသီ ဥတုနှင့် ကိုက်ညီ မှုရှိမရှိ စမ်းသပ်စိုက်ပျိုးရာ မင်းတပ်မြို့နယ်၌သာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မင်းတပ်ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ သုံးဦး နှင့် ပြည်တွင်းမှ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား သုံးဦးနှင့် ပြည်တွင်းမှ နေရပ်ပြန်လာသူ နှစ်ဦးတို့သည် ဒီဇင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ထပ်မံရောက်ရှိလာကြပြီး အထကခွဲ ကျောင်းရှိ Facility Quarantine Centre ၌ (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ကျေးရွာလည်ပတ်မှု ခရီးစဉ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်နာရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်း

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် ရေးဆွဲထုတ်ပြန်ထားရှိသော ကျေးရွာလည်ပတ်မှု ခရီးစဉ်နှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) များအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အကြံပေးလမ်းညွှန်ချက်များကို ခရီးသွား ဧည့်သည်များ သိရှိနိုင်ရန်နှင့် ကျေးရွာရှိ ဝန်ဆောင်မှုပေးသူများ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို လူထုအခြေပြု ခရီးသွားလုပ်ငန်း တည်ရှိရာ ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာနှင့် ကလောမွန်ကျေးရွာတို့တွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၌ ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် အကောင်းဆုံးဆုများ ချီးမြှင့်

ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဆုများ ချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထန်တလန်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုစာရေးများ ထံသို့ ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ ကျပ်သိန်း ၉၃၆၀၀၀၀ အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင်တို့ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာကာများလှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိရေးကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင် ကိုမင်းမင်း(ခ)ကိုဝင်းမင်းရှိန် ACE (Wine & Liquor Mart) တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) ၂၅၀၀ ခု၊ လက်အိတ် (Glove) ၂၀၀ ခုနှင့် မျက်နှာအကာ (Face Shield) ၂၀၀ တို့ကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ ဒီဇင်ဘာ ၂၉ ရက်က ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် နှစ်စဉ်မပျက် ကန်ရေနောက်ခြင်းသည် ယခင်နှစ်ထက် ကန်ရေပိုမိုနောက်ကျိလာ

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရ နေရာဒေသတစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဌာန် ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် ဆောင်းတွင်းရာသီ၌ နှစ်စဉ်မပျက်ကန်ရေနောက်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

ထန်တလန်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ချင်းပြည်နယ်၊ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း၍ မီးသုံးစွဲမှု အခြေအနေများ စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၈) ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ Facility Quarantine Center ၌ အသွားအလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုထားသူ (၃၂) ဦးအား ယမန်နေ့က RDT ဖြင့်စစ်ဆေးရာ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၆) ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်