ထန်တလန် ဒီဇင်ဘာ ၃၀
ချင်းပြည်နယ်၊ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း၍ မီးသုံးစွဲမှု အခြေအနေများ စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လျှပ်စစ်မီးသုံးစွဲမှုများ၊ မီးသွေးမီးဖိုသုံးစွဲမှုများ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုအခြေအနေများနှင့် သက်တမ်း ကုန်မကုန် စစ်ဆေးပေးခြင်း၊ မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်အသုံးပြု၍ မီးငြှိးမ်းသတ်နည်း လက်တွေ့ သရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်စခန်းမှူး ဦးမှုန်နှင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်း၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)