ဘားအံမြို့၌ (၄၆) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ပွဲတော် ကိုနှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ် နေရာအနှံအပြားနှင့် ကရင်လူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။