မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့တက်ရောက်ခဲ့သည့် ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်အဖွဲ့ အတွေ့အကြုံရှင်းလင်း

ဘားအံ စက်တင်ဘာ ၅

ရန်ကုန်မြို့တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့သော မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့ တက်ရောက်ခဲ့ကြသော ကရင်ပြည်နယ်လူငယ်ကို ယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လူငယ်ကော်မတီ(၁၆)ရပ်မှ အတွင်းရေးမှူးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်/ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျင်းပခဲ့သည့်လူငယ်မဟာဗျူဟာဖိုရမ်တွင် နိုင်ငံတကာရေးရာ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ၊ လူငယ်များအကြားခေါင်းဆောင်မှု၊ စူးစမ်းစဉ်စားနိုင်မှုနှင့်လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုများ အရည်အချင်းများမြှင့်တင်ရန် အပြန်အလှန်ဆွေးနွေးရသည့်အတွက် ကောင်းမွန်သည့် အတွေ့အကြုံများရရှိပြီး လူငယ်များရှေ့ဆက်လုပ်ဆောင်ရမည့်အရာများကို နားလည်လာမည် ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံရင်းနှီးခွင့်ရရှိသည့်အတွက် လူငယ်အချင်းချင်းထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လူငယ်ကွန်ရက်ကို ဖော်ဆောင်ပြီး အသိပညာပေးဝေမှုများကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ပြန်လည်အကျိုးပြုကာ နိုင်ငံတိုးတက်ကောင်းမွန်ရေး အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ အထိမ်းအမှတ်တံဆိပ်ကို ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့ဦးဆောင်သူ ပြည်နယ်လူမှုရေးရာဝန်ကြီးက အပ်နှံခဲ့ပြီး လူငယ်မဟာဗျူဟာဖိုရမ်သို့တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့မှ(၄)ဦးက လူငယ်ဖိုရမ်မှရရှိခဲ့သည့် အကျိုးကျေးဇူးများကို အပိုင်း(၄)ပိုင်းခွဲ၍ အတွေ့အကြုံရှင်းလင်းတင်ပြကာ အနာဂတ်တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်ကြေညာစာတမ်းကို ဖတ်ကြားကြသည်။

အတွေ့အကြုံရှင်းလင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားသည်။

၂၀၂၅ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၄ ရက်က ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်နယ်လူငယ်စင်တာ၌ကျင်းပရာ   ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော ကိုကိုချစ်အား ငွေသားဆု(၅)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်ခဲ့ပြီး ပွဲစဉ်အလိုက်ဆုရရှိကြသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်များက  ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)