ကော့ကရိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
ကရင်ပြည်နယ် ကေ့ာကရိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ဒေါနခန်းမ၌ ကျင်းပသည်။အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်ထွန်းက ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။