ဖာပွန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်သူ့လွှတ်တော်အတွက်အမည်စာရင်း တင်သွင်းလွှာများ စတင်စိစစ်

ဖာပွန်        စက်တင်ဘာ ၂၅

ကရင်ပြည်နယ် ဖာပွန်ခရိုင်ကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဖာပွန်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်  ပြည်သူ့လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များအတွက် အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းကို စက်တင်ဘာ ၂၄ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများစိစစ်ခြင်းကို ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများအား စတင်စိစစ်လျက်ရှိကြောင်း သိရသည်။ ထို့သို့စိစစ်ရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ နှင့် ၁၀ တို့အရ ကိုက်ညီမှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်