၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဘားအံနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ကျေးရွာစာကြည့်တိုက် ငါးတိုက် ဆောက်လုပ်ပေးသွားမည်
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေဖြင့် ဘားအံမြို့နယ်တွင် ကျေးရွာစာကြည့်တိုက် သုံးတိုက်၊ လှိုင်းဘွဲမြို့နယ်တွင် နှစ်တိုက် စုစုပေါင်း ကျေးရွာစာကြည့်တိုက် (၅)တိုက်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။