(၂၄ )ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အထိမ်းအမှတ် မြ၀တီမြို့ရှိ ပညာရည်ချွန်ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊မြဝတီမြို့ ကရင်နှစ်သစ်ကူးထာဝရငြိမ်းချမ်းရေးကွင်း၌ ယမန်နေ့ ညနေ ၃နာရီက (၂၄)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ရှိ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့်ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် လူရည်ချွန်ဆုရ ကျောင်းသားများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ ကရင်ရိုးရာချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာ အထိမ်းအမှတ်အထက်တန်းအဆင့်၊ အလယ် တန်းဆင့်စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည်။