လိပ်သိုဒေသထွက် ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏နေအိမ်ခြံဝန်းများနှင့် တောင်ယာခင်းများတွင်လည်း ကျောက်ဖရုံသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။