ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ဒိုင်းပြကျေးရွာအတွင်းရှိ တောင်သူဦးစောဝင်းထူးနှင့် ဒေါ်နန်းနီလာဝင်းတို့၏  လယ်မြေကွင်းအမှတ် (၁၅၄၇) ဒိုင်းပြအောက်ကွင်း၊ ဦးပိုင်အမှတ်- ၉၁/၁ နှင့် ၉၁/၂  ၌ ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မြတ်ဌေးမောင် ရေးသားသော “မိတ်ကောင်းဆွေကောင်း ရှာဖွေပေါင်းဖော်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

ဒေသတွင်း သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၌ ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ် သမဝါယမဦးစီးဌာနအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကို ကရင်ပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌  ယမန်နေ့နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်/မြို့နယ် သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လိပ်သိုတွင် တောင်ပေါ်ကွမ်းကြမ်းများ ဈေးကောင်းရရှိနေ၍ စိုက်ပျိုးထားသူ တောင်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက်တောင်ပေါ် ကွမ်းကြမ်းများမှာ ဈေးကောင်းရရှိနေ၍ ကွမ်းကြမ်းစိုက်ပျိုးထားသူ တောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံးအတွက်စားသုံးနိုင်ရန်မျှစ်ခြောက်များပြုလုပ်ကြသည်။ ယခုအချိန်တွင်မျှစ်စိုများ ရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ခြောက်များ ဈေးကောင်းရရှိကြောင်းသိရသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ မိခင်များနေ့ အစီအစဉ်ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၅-ခုနှစ်မေလ(၁၁)ရက်နေ့ တွင်ကျရောက်သည့်မိခင်များနေ့ကိုကြို ဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယမန်နေ့ နံနက် (၁၁)နာရီ အချိန်ကမိခင်များနေ့အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ဆရာတော်၊ သံဃာတော်၊ သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများအလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ    ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၌ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဆရာတော်၊ သံဃာတော်၊ သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။

ပိုင်ကျုံမြို့ နို့ဖိုးခီးကျေးရွာ၌ ကမ္ဘာ့မိခင်များ‌နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မိခင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မိဘ၊ ဆရာသမားများသည် ဘုရားနှင့်တစ်ဂိုဏ်းတည်း ထားရှိရမည်ဆိုသည့်အတိုင်း ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ နို့ဖိုးခီးကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ကမ္ဘာ့မိခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အသင်းတော်တွင်ရှိသည့် မိခင်များတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၁ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်