ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Mr.Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Mr.Abhay Thakur နှင့်အဖွဲ့အား နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။