ကရင်ပြည်နယ်

ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းးသား၊ ကျောင်းသူလူငယ်များမူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မဲပေးခြင်းဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကမမောင်းမြို့ပေါ်၊ ရပ်ကွက်/ကျေးရွာ/တပ်နယ် မဲရုံ (၉) ရုံတွင် မဲရုံမှူး၊ ဒုမဲရုဲမှူးနှင့် မဲရုံအဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများကိုမဲရုံအခင်းအကျင်းနှင့် မဲပေးခြင်ဆိုင်ရာ မွမ်းမံသင်တန်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကမမောင်းမြို့တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည်။

သံတောင်ကြီး ဒေသထွက် မျှစ်ချဉ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ကြသည်။

လိပ်သိုဒေသထွက် ငရုပ်သီးခြောက်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် တောင်ပေါ်ကုလားအော်ငရုပ်သီးမျိုးများကို ဒေသခံတောင်သူများက အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက် ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လှိုင်းဘွဲမြို့နယ်ရှိ မဲရုံများအတွက် မဲပေးစက်များထုတ်ယူ

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲပေးစက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများမှ တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်ထုတ်ယူလျက်ရှိကြသည်။

ဘားအံတက္ကသိုလ်တွင် ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲပေးစက်အသုံးပြုပုံ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မဲပေးခွင့် အခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာဘာသာ၊  ကရင်(စကော)၊ ကရင်(ပိုး)၊ မွန်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် ရေးသားဖော်ပြထားသည့် မဲဆန္ဒပေးရာတွင် သိရှိလိုက်နာရန်အချက်များ၊ သတိပေးတားမြစ်ချက်များ၊ EVM စက်ဖြင့် ဘယ်လိုမဲပေးကြမလဲ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် စသည်တို့ ပါဝင်သော လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ထားရှိရမည့်သဘောထား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်