ကရင်ပြည်နယ် တောင်ကလေး အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ တောင်ကလေး၊ အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ရုံးအဆောက်အဦနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားဖွင့်ပွဲကို ဘားအံမြို့၊ ရတနာသုခအိမ်ရာဗိုလ်ချုပ်လမ်း၊ အမှတ်(၅)ရပ်ကွက် တွင် ယနေ့နံနက် ၉ နာရီက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရပ်ကွက်နေ ရပ်မိရပ်ဖများ၊ လူငယ်များ၊ တောင်ကလေးအဲးခိုးစာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။