အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းသည် ကျုံပျော်မြို့နယ် အင်းရဲကျွန်း‌ကျေးရွာအုပ်စု ကျွန်းရွှေဝါ ဘမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့တွင်ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ သဘာဝဘေးအန္တရာယ် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မိုးကောင်းနန့်ယင်းချောင်း We Love Mogaung View Point ကမ်းစပ်၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင် (၅၀)ဆေးရုံဟောင်းနှင့် ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Aug 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာမူလတန်းကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော​ခဲ့ကြောင်း သိရသည်။
Aug 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်၌ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
Aug 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သန်လျှက်စွန်းလမ်းမကြီး၊ ကြာဖြူလမ်းနှင့် မြနန္ဒာလမ်းတို့တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့ရာ ထိခိုက်ခံစားခဲ့ရသည့်များ ရှိခဲ့ပါသည်။
Aug 04,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်က လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။