Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ့်ဆန်၌ Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေးမလုပ်ရန် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်နှိုးဆော်
Mar 05,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေး မလုပ်ရန်၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ခရီးသွား မိဘပြည်သူများအား စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီမှစ၍ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတားဆီးကာကွယ်ရေး အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရှင်ဗွေယန်မြို့တွင် ကျင်းပ
Mar 05,2020
ကချင်ပြည် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့တွင် ရပ်ကွက် ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲသော ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေး
Mar 05,2020
ပြည်သူထူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းဖြင့် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ (IRC) ၏ ထောက်ပံ့မှုဖြင့် မြို့နယ်ဆေးရုံ အထောက်အကူပြုအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက မယ်စဲ့မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်
Mar 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ကော်မတီ(မူဆယ်)မှ ဦးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိအသင်းအဖွဲ့များနှင့် ဝိုင်းဝန်း ပူးပေါင်း၍ နယ်စပ်ဂိတ်များ၌ ကျန်းမာရေးစစ်ဆေးမှုများ၊ မူဆယ်မြို့၊ ရပ်ကွက်အသီးသီး၌ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ ပိုစတာ ကပ်ခြင်းများ၊ မူဆယ်မြို့အဝင်၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ၊ အပူချိန်တိုင်းတာခြင်းများနှင့် နှစ်နိုင်ငံ၊ နယ်စပ်ဂိတ် (မန့်ဝိန်းဂိတ်)၌ ဆိုဒီယမ်ဟိုက်ပိုကလိုရစ် ပိုးသတ်ဆေး ဖျန်းခြင်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးခန်းမ၊ ကားပါကင်ပါဝင်သည့် (၃)ထပ်အဆောက်အဦနှင့် ကျိုင်းတုံနာရီစင် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Mar 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးခန်းမ၊ ကားပါကင်ပါဝင်သည့် (၃)ထပ် ဆောက်အဦနှင့် မြို့အထိမ်းအမှတ် ကျိုင်းတုံနာရီစင် တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့မစျေးအနီး မြို့နယ် စည်ပင်သာယာ ရုံးဝင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ပြေကျေးရွာ၌ ကြက်နှင့်ဝက်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Mar 04,2020
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုင်လီလိန်းနှင့်အဖွဲ့က မင်းတပ်မြို့နယ် ပြေကျေးရွာ၌ ကြက်နှင့်ဝက်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က အခမဲ့လိုက်လံ ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဒေသခံ ပြည်သူများတွေ့ဆုံ
Mar 04,2020
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးဦးဂူဆာနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဒေသခံလီဆူတိုင်းရင်းသားများ တွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ လက်ကိုင်စက်လွှ (Chain Saw) ကိုင်ဆောင်၊ ရောင်းဝယ်သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် လက်ကိုင်စက်လွှ (Chain Saw) ကိုင်ဆောင်၊ ရောင်းဝယ်သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30717
Page
30718
Page
30719
Page
30720
Current page
30721
Page
30722
Page
30723
Page
30724
Page
30725
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department