Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တစ်ဦးချင်း ဆောင်ရွက်ညီမျှမှုအတွက် ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Mar 08,2020
Gender Equality Network ၏ ကူညီထောက်ပံ့မှုဖြင့် မြို့နယ် တောင်သူလယ်သမားများအဖွဲ့မှ ဦးဆောင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အုတ်ကျင်း ရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထရရှိစေရေးနှင့် စာကြည့်တိုက်တွင် ဝင်ထွက်သွားလာခြင်းဖြင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာန တို့ ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Mar 08,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးနှင့် NRC တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကိုမောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်
Mar 07,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ဟင်းသီးဟင်းရွက်သီးနှံများ ပျိုးထောင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကျင်းပ
Mar 07,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသခံတောင်သူများ ဟင်းသီး ဟင်းရွက်များစနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သီးနှံများ ပျိုးထောင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ တောင်သူဦးစိုးပိုင် သီးနှံစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ဥပဒေချုပ်ရုံး၌ ရုံးဝန်ထမ်းများ လုပ်ငန်းခွင် မွမ်းမံသင်တန်းဖွင့်
Mar 07,2020
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ လမ်းညွှန်ချက်များနှင့် စီမံခန့်ခွဲမှုစနစ်များအပေါ် ပိုမိုနားလည်သိရှိနိုင်ရန်နှင့် ရှောင်ရန်၊ဆောင်ရန်များကို လေ့လာ မှတ်သား လိုက်နာနိုင်စေရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်(စ်)အကြောင်း အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာအုပ်စာစောင် ပြပွဲကျင်းပ
Mar 07,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ အကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းသီးနှံနှင့်နွေ စပါးစိုက်ပျိုးရေးနည်းလမ်းကောင်းများပညာပေးဟောပြော
Mar 07,2020
မော်လမြိုင်ခရိုင် ကျိုက်မရာမြို့နယ်တွင် ဆောင်းသီးနှံ နှင့်နွေစပါးစိုက်ပျိုးကြမည့်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်ကျင်းပသော တောင်သူနည်းပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ခရုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။ ဟောပြောပွဲတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှတင်မောင်က ဆောင်းသီးနှံနှင့် နွေစပါးများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးစေရန်နှင့် အသီးများ အောင်မြင်ဖြစ်ထွန်းစေရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန်နှင့် မြေသြဇာများကိုလည်း အချိုးကျ သုံးစွဲရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30523
Page
30524
Page
30525
Page
30526
Current page
30527
Page
30528
Page
30529
Page
30530
Page
30531
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department