Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်
Mar 06,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ရာ ဗန်းမော်ခရိုင် အတွင်းရှိ ပရဟိတဂေဟာ(၃)ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၉)ကျောင်း တို့ အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျုတာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်အဖြစ် ကြေညာ
Mar 06,2020
ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်ဖြစ်ကြောင်း ကြေညာခြင်းနှင့် လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပကာ ကွန်ပျုတာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်အဖြစ် ကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးတို့အတွက် အသိပညာပေးခြင်းများ…
Mar 06,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကြက်၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ကျရောက်မှု မရှိစေရေးတို့အတွက် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် သီပေါမြို့နယ် နမ့်လန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၉:၃၀)အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများက တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ဖာပွန် ၌ ကျင်းပ
Mar 06,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ ပူးပေါင်း၍ ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ခရိုင်ပြန်/ဆက်ရုံး၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို အာဟာရ၊ ဆေးဝါးနှင့် ထောက်ပံ့ကြေးများပေးအပ်
Mar 06,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူတို့အား မိုင်းယုမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများက အာဟာရ၊ ဆေးဝါးနှင့် ထောက်ပံ့ကြေးများကို မတ် ၆ ရက်၊ နံနက် ၁၀ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၌ သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာအားကစားကွင်း ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်
Mar 06,2020
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် ကျေးရွာအားကစားကွင်း ဖော်ဆောင် နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူ
Mar 06,2020
ဟိုပုံးမြို့အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို၊ မြို့မရဲစခန်းရှေ့ လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် များအား စစ်ဆေးအရေးယူခြင်းကို ယနံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30176
Page
30177
Page
30178
Page
30179
Current page
30180
Page
30181
Page
30182
Page
30183
Page
30184
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department