Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဟားခါးမြို့သို့ ဂျပန်နိုင်ငံ (JICA) မှ ပညာရှင်များ ကွင်းဆင်းလေ့လာ
Mar 22,2020
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ (JICA) အဖွဲ့တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က ဂျပန်နိုင်ငံ (JICA) မှ ပညာရှင်များ ကွင်းဆင်းလေ့လာ ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 အသိပညာပေးလက်ကမ်းစာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်း စာစောင်းများ ဖြန့်ဝေ
Mar 22,2020
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်လင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲလင်းစိုး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တိုသည် COVID-19 အသိပညာပေး လက်ကမ်း စာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်စာစောင်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ အထိ ဖရူဆိုမြို့ မြို့မဈေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ ရွံ့စေးဖြူ ထုတ်လုပ်ရေးလုပ်ကွက်သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
Mar 22,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ အမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာန (နေပြည်တော်)မှ လက်ထောက်မန်နေဂျာ ဦးမျိုးလွင်နှင့် တာဝန်ရှိသူများသည် မွန်မြတ်အလင်း ရွံ့စေးဖြူထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွံ့စေးဖြူ လုပ်ကွက်သို့ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ COVID – 19 ရောဂါ ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေး မော်တော်ယာဉ်များကို ပိုးသတ်ဆေးဖြန်းခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 22,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အဝေးပြေး သိန်းသန်းချီကားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့မှတစ်ဆင့် မြန်မာပြည်အနှံ့သို့ ထွက်ခွာသွားမည့် ယာဉ်များကို COVID – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကော်မတီ (မူဆယ်) မှ အဖွဲ့ဝင်များ၊ အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စေတနာပရဟိတ အသင်းဝင်များနှင့် နှလုံးလှပရဟိတ အသင်းဝင်များက ပိုးသတ်ဆေးရည်ဖြန်းခြင်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ရေး နောင်လုံကန်နှင့် ဥယျာဉ်ရေ ထွက်ကန်တို့အား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
Mar 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့တွင်း သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော နောင်လုံကန်နှင့်ဥယျာဉ်ကန် သဘာဝ ရေထွက် တို့တွင် နွေရာသီ ရေခမ်းခြောက်မှုမဖြစ်ပေါ်စေရေး၊ သန့်ရှင်းသော သောက်သုံး ရေရ ရှိရေးနှင့် ရေထွက်အား ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ ရေထွက်ကန် နေရာများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်အိတ်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ ဆောင်ရွက်
Mar 22,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့မဈေးတွင် ယမန်နေ့က ကျိုက်ဒုံမြို့အုပ်ရေးမှူးဦးမင်းဇော်၊ ကျေးလက်ကျန်းမာရေးမှူး ဦးမိုးမြင့်ဝင်း၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံ ဦးစောပန်းစိန်တို့သည်
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ ပညာ့အမြုတေစာကြည့်တိုက်မှ တတိယအကြိမ်မြောက် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
Mar 22,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ သ.တ.လ (၇) ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ပညာ့အမြုတေ စာကြည့်တိုက်မှ မြို့နယ်တွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ ကလေးငယ်များထံသို့ တတိယအကြိမ်မြောက် စာအုပ်စာပေများ လက်ဝယ်အရောက် ငှားရမ်းဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Mar 21,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နှောင်လမ်းမကြီးဘေးတွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်၌ လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီး ဘုရားသုံးဆူမြို့ မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဇင်မင်းထက် ဦးဆောင်၍ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြိမ်းသတ်ရာ မွန်းလွဲ ၂နာရီ မိနစ် ၂၀ တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29896
Page
29897
Page
29898
Page
29899
Current page
29900
Page
29901
Page
29902
Page
29903
Page
29904
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department