Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဥတ္တရသီရိမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Aug 24,2020
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းကျေးရွာစျေးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းလောင်းရေလွှဲဆည်တည်ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေများအတွက် တောင်သူများလက်ဝယ်အရောက် လျော်ကြေး၊ နစ်နာကြေးများ ကွင်းဆင်းပေးအပ်
Aug 24,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပေါင်းလောင်းရေလွှဲဆည်တည်ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်းပါဝင်သွားသည့် လယ်ယာမြေများအတွက် ပျဉ်းမနားမြို့နယ်မှ တောင်သူများ၏ လက်ဝယ်အရောက် လျော်ကြေး၊ နစ်နားကြေးငွေများကို ဩဂုတ် ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ရောင်းချပွဲ ပြုလုပ်
Aug 23,2020
ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွက် ကျန်ရှိနေသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၁၀)ခုအား အခြားနည်းညှိုနှိုင်းဈေးဖြင့် ရောင်းချမှုအား ယမန်နေ့ကကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် အရာရှိ ဦးဌေးမြင့်အောင်တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ
Aug 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများမှ ပုံစံ (၃)၊ပုံစံ (၄)၊ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲ၍ နေအိမ်တစ်လုံးနောက်ဖေးမီးဖိုချောင်ပျက်စီးခြင်းနှင့် လူနေအိမ် ( ၃)လုံး အမိုးလန်…
Aug 23,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အမှတ်(၈ )ရပ်ကွက် ဗန္ဓုလလမ်းရှိ ဒေါ်တင်တင်ဝင်း၏ သွပ်မိုးထရံကာ ပျဉ်ခင်း နေအိမ်နောက်ဖေး မီးဖိုချောင် သစ်ပင်ပိမိခြင်းနှင့် သွပ်မိုး ၊ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံးမှာ အမိုးလန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းအခက်အခဲရှိနေသည့် ပုဂံဒေသဘုရား ဈေးရောင်း ဈေးသည် အိမ်ထောင်စု ၈၀ အတွက် တဒင်္ဂပြေလည်စေရန် ဆန်၊ဆီ၊ဆားလှူဒါန်း
Aug 23,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ဈေးရောင်းချသည့် ခက်ခဲဈေးသည်များအား တဒင်္ဂပြေလည်စေရန် ယနေ့ နံနက် ၈နာရီခွဲအချိန်က ဦးတင်းလင်းအောင် ဦးဆောင်ကာ Online မှလှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို အိမ်ထောင် စု ၈၀အားအိမ်တိုင်ရာရောက် လိုက်လံပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း ဦးတင်လင်းအောင်ထံ က သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေများ ပေးအပ်
Aug 23,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan(CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၄)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန်ပြိန်းကျေးရွာအုပ်စု၊ မတ်ခံကျေးရွာနှင့် ပြိန်းရဲကျေးရွာအုပ်စု၊ မြင်စီရှန်းကျေးရွာ တို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးရွာအရောက် မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်တွင် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Aug 23,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများ ထောက်ပံငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29826
Page
29827
Page
29828
Page
29829
Current page
29830
Page
29831
Page
29832
Page
29833
Page
29834
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department