Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မံစီမြို့နယ် ၌ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်လှစ်
Mar 13,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၀) ကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်ထိ (၇) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၊ နန်းဝိုးထောင်ကျေးရွာ၌ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 13,2020
ရှမ်းပြည်နည် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာငါးရွာကို စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက် ၁၀ နာရီက နမ့်ပန်ကျေးရွာအုပ်စု၊ နန်းဝိုးထောင် ကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၁၀)ခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ပျက်ကွက်သူမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် နာနတ်သီးစိုက်တောင်သူများအား သဘာဝမြေသြဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နာနတ်သီးနှံ(GAP) (Good Agricultural Practice) (၁၁၀၂) ဧက စံပြစိုက်ခင်းတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က နမ့်ရမ်းကျေးရွာရှိ နာနတ်သီးအခြောက်ခံ စက်ရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Mar 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မစျေးကြီးရှေ့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
Mar 12,2020
ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်လူမှုရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ (Humanitarian Mine Action (HMA) Workshop)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ)အကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ
Mar 12,2020
ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍COVID-19 ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေး
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ယနေ့နံနက် ၉ နာရီက ကြည့်ရှုအားပေးပြီး ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ (၂၁)သိန်း ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29712
Page
29713
Page
29714
Page
29715
Current page
29716
Page
29717
Page
29718
Page
29719
Page
29720
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department