Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးမိတ်မြို့နယ်တွင် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိသူများအား ကျန်းမာရေး စစ်ဆေးပေး
Mar 26,2020
မိုးမိတ်ခရိုင် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့် ယမန်နေ့တွင် မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာအုပ်စုနှင့် ရွှေဇာလီကျေးရွာ အုပ်စုတို့တွင် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး မင်းတပ်ကောလိပ် အဆောက်အဦး တည်ဆောက်နေမှုနှင့် မြေနေရာပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 26,2020
ချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက် ၄ မိုင်၌ မင်းတပ်ကောလိပ် အဆောက်အဦးတည်ဆောက် နေမှုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ကာကွယ်ရေး သီးသန့်ထားရှိနိုင်မည့် အဆောက်အဦများ (Quarantine Facility) စီစဉ်ဆောင်ရွက်
Mar 26,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိနေသော လားရှိုးမြို့နယ်အတွင်း COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ဖြစ်ပွားလာ ပါက သီးသန့်ထားရှိနိုင်မည့် အဆောက်အဦများ (Quarantine Facility) ကို မတ်လ(၂၅)ရက်နေ့မှ စတင်၍ လားရှိုးမြို့ရှိ အထက(၃)၊ ရပ်ကွက်(၁၂)၌ တည်ရှိသော အုတ်ညှပ် (နှစ်ထပ်) + အုတ်ညှပ် (တစ်ထပ်) (၃၀×၂၄)ပေ အခန်း(၉)ခန်းရှိ နေရာအားလည်းကောင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)ရှိ အုတ်ညှပ် (နှစ်ထပ်) ၊ နတလသင်တန်းကျောင်းဆောင်၊ (၁၀၀×၃၀)ပေ အခန်း(၄)ခန်း ပါအား လည်းကောင်း လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းရှိ အုတ်ညှပ် (တစ်ထပ်) (၂)ဆောင် (၃၀၀×၁၀၀)ပေ (၇၅×၅၀)ပေ အဆောင်အားလည်းကောင်း၊ လားရှိုးမြို့ နေခြည်ကျောင်း ဟောင်း ရပ်ကွက်(၁)ရှိ ပုဂ္ဂလိကပိုင် အဆောက်အဦအားလည်းကောင်း စနစ်တကျ အသုံးပြုနိုင်ရေး အတွက် လားရှိုးခရိုင်၊ စီမံခန့်ခွဲမှုကော်မတီနှင့် လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က ပြည်သူများ ဆန်ပြတ်လပ်မှုမရှိစေရေး သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေး
Mar 26,2020
ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CRCDF) အဖွဲ့က ဖလမ်းမြို့တွင် နေထိုင်ကြသော ပြည်သူများအတွက် ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် မိသားစု တစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် မတ် ၂၆ ရက်မှစ၍ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကားနှစ်မျိုးဖြင့် လှည့်လည်အသိပေး
Mar 26,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လတ်တလောဖြစ်ပေါ် ပြန့်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက် များကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ်လ ၂၅ ရက်စွဲဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကား နှစ်မျိုးဖြင့် ထုတ်ပြန်ပြီး အဆိုပါ အသိပညာပေးခြင်း ကို ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးဆော်သြခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့ပြည်သူများအား အခြေခံစားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကုန်စျေးနှုန်း မြှင့်တင်ရောင်းချခြင်း မရှိဘဲ ရောင်းချပေး
Mar 25,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပြည်သူများအနေဖြင့် ကမ္ဘာ့နိုင်ငံအနှံ့ပြန့်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုကြောင့် ပြည်သူများ ဝမ်းစာပြတ်လတ်မှုနှင့် စားသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မည်ကို စိုးရိမ်သူများရှိကြပါသော်လည်း ရိခေါ်ဒါရ်မြို့၌ လက်ရှိအခြေအနေ အထိ ဆန်နှင့်အတူ အခြားစားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အချိန်အခါမဟုတ် မိုးရွာစဉ် မိုးသီးကြွေကျမှုကြောင့် ကျေးရွာအိမ်ခြေ(၁၉၃)လုံး အမိုးများပျက်စီး
Mar 25,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယမန်နေ့ ညနေ(၃)နာရီကျော်ခန့်က အချိန်အခါမဟုတ် မိုးရွာစဉ် မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် ဆိုင်းဂျာဘွမ်ကျေးရွာမှ နေအိမ်(၁၉၃)လုံး အမိုးများပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များနှင့် Mask N-95 အမျိုးအစား(၂၆၀)ကျော် အခမဲ့ဖြန့်ဝေ
Mar 25,2020
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် အခမဲ့လိုက်လံ ဖြန့်ဝေပေးလျက်ရှိပြီး ဟားခါးမြို့၊ပြည်သူ့ဆေးရုံနှင့် စျေးအတွင်း Mask N-95 အမျိုးအစား (၂၆၀)ကျော် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29463
Page
29464
Page
29465
Page
29466
Current page
29467
Page
29468
Page
29469
Page
29470
Page
29471
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department