Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြာအင်းဆိပ်ကြီးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
Aug 07,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းမှုကြောင့် ချောင်းရေဆန်လျှံကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်များတွင်ရေများဝင်ရောက်ခြင်းနှင့် မော်တော်ကား လမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၂) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား) တို့ ပူးပေါင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး-သပိတ်ကျင်းကားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ထပ်မံစစ်ဆေး
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး-သပိတ်ကျင်းကားလမ်း၊ မြို့အဝင်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်က တာဝန်ရှိသူများမှ လာရောက်ကွင်းဆင်းထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲပြည်သူ့ဆေးရုံအတွင်းရှိ (၂)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ပြည်သူ့ဆေးရုံအတွင်း (၂)ခန်းတွဲ(၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးဆွေးနွေး
Aug 07,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ မြိတ်ခရိုင်နှင့်မြို့နယ်များ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများသည် ဩဂုတ်လ( ၅) ရက် နေ့လယ်ပိုင်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင် ပြသ
Aug 07,2020
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ အလွယ်တကူ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းတည့် (၁၂) နာရီက အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့်…
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ဩဂုတ် (၆) ရက်နေ့ နံနက် (၉) နာရီက မြို့မစည်ပင်သာယာဈေးကြီး လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28754
Page
28755
Page
28756
Page
28757
Current page
28758
Page
28759
Page
28760
Page
28761
Page
28762
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department