Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်ကိုယ်စားပြု တိုင်းရင်းသား အလှမယ် ရွေးချယ်ပြိုင်ပွဲ ကျင်းပ
Jan 02,2020
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်း ကျင်းပပြုလုပ်မည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ကိုယ်စားပြု တိုင်းရင်းသားအလှမယ်ရွေးချယ်ပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီက လွိုင်ကော်မြို့ ၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 02,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမရှေ့ အားကစားကွင်း၌ စတင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်
Jan 02,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျောက်မဲခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်
Jan 02,2020
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်း ခရိုင် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ခရိုင်အဆင့် သန်းခေါင် စာရင်းကော်မတီဝင်များ၊ မြို့နယ်အဆင့်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေသွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jan 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နေ ဒေသခံတိုင်းရင်းသားပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရန် ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်တာဝန်ပေးချက်အရ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်း က နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေထွက်နှင့် ရေသွယ်တန်းယူမည့် လုပ်ငန်းနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၆)ခု အကောင်အထည်ဖော် ဆောင်ရွက်မည်
Jan 02,2020
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုအား တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ
Jan 02,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့ အ.မ.က မူလွန်(မံပုံ)ကျောင်းတွင် ယနေ့ နံနက်(၉)နာရီတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ရေး သိရှိနားလည် တတ်ကျွမ်းစေရန် ရည်ရွယ်၍ မိုးမောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပရာ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမှိုင်းမြတ်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ထပ်ဆင့်အမှာစကားပြောကြားခြင်းတို့ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 01,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်၌ အသစ်တည်ဆောက်ပြီးစီးသွားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါအဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27289
Page
27290
Page
27291
Page
27292
Page
27293
Page
27294
Page
27295
Current page
27296
Page
27297
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department