Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါက်တောမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 26,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ (၂၀၂၂)ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်းမဲပေးခွင့်မဆုံးရှုံးစေရေးအတွက်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိရပ်ကွက်/ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပြီးစီး၍ နိုင်ငံသားကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 26,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးရှိ ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်
Jun 26,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် အုတ်စီရေမြောင်း တည်ဆောက်ခြင်းဆောင်ရွက်မှုလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Jun 26,2021
ကရင်ပြည်နယ်၊ ဘားအံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေ ရေး၊ လမ်းပျက်စီးမှုမရှိစေရေး၊ မြို့သာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်မြန်ဆန် စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေ ကျပ် (၂၈၆.၉၆၂)သန်းဖြင့် ဘားအံမြို့အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးတွင် အုတ်စီရေ မြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၇ ဦးတွေ့ရှိ
Jun 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ဟော်နန်းရပ်ကွက်ရှိနေ (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အနံမရတော့သဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သဖြင့် အဆိုပါအမျိုးသားနှင့်အတူနေ မိသားစုဝင်(၈) ဦး အား RDT Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၆၉)နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက်(၃၅)နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက်(၁၀)နှစ် အရွယ်ယောက်ျားလေးတစ်ဦး၊ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၃၄)နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၅)ဦးတွင် Covid-19 Positive တွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိ၍ ကုသပေးလျက်ရှိပြီး ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများအား ကျန်းမာရေးနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက စုံစမ်းရှာဖွေ၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ အားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွှေဧရာအောင် အားကစားခန်းမတွင် ယမန်နေ့ နေ့လယ်(၂)နာရီက ၂၀၂၁ ခုနှစ်၊ ကျိုက်လတ်မြို့နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (TSDP) အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ် ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 26,2021
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာ စိုပြေစေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ရေဖြူ (ခ)ရပ်ကွက်၊ စမ်းရေတွင်း လမ်းနှင့် ရေဖြူတံတားချည်းကပ်လမ်း လမ်းဘေး ဝဲ/ယာ တလျှောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26642
Page
26643
Page
26644
Page
26645
Current page
26646
Page
26647
Page
26648
Page
26649
Page
26650
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department