Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့်နွေနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်း
Jun 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများ ရင့်မှည့်လာပြီ ဖြစ်၍ တောင်သူများစတင် သိမ်းဆည်း (ရိတ်သိမ်း) နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့တွင် အိုလံပစ်နေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော အားကစားပြိုင်ပွဲများမှ ထူးချွန်သူများအား ဆုများပေးအပ်
Jun 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော အိုလံပစ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ထူးချွန်အောင်မြင်စွာ အနိုင်ရရှိခဲ့သော အားကစားသမားများအား ဆုများပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ (၃၉)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပြန်ပွဲကျင်းပ
Jun 27,2021
သာသနာတော်ကြီးတည်တန့်ပြန့်ပွားစေရန်အတွက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူး ကျင်းပသည့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၃၉)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပြန်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ပရိယတ္တိစာသင်တိုက် ကျောင်းကြီးကျောင်းတိုက်တွင် စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး MASK Campaign နှင့်အသိပညာပေး ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်း ဆောင်ရွက်
Jun 27,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး MASK CAMPAIGN ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာနေရာများတွင် အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Jun 27,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင် မြို့လူစည်ကားရာနေရာများ၌ ယနေ့နံနက်(၈)နာရီ အချိန်က Mask Campaign အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်း နှစ်လုံးတွဲစတီးလက်ဆေးဘေစင်နှင့် ကိုဗစ်-၁၉ကာကွယ် ရေး ပစ္စည်းများလှူဒါန်း
Jun 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှလှူဒါန်းသည့် နှစ်လုံးတွဲစတီး လက်ဆေးဘေစင်နှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ် နန်းဦးကျေးရွာ အဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jun 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် နန်းဦးကျေးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူမှုတာဝန်သိမှု CSR ရန်ပုံငွေဖြင့် ရွာအဝင်လမ်းခင်းခြင်း စတင်လုပ်ဆောင် နေပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်
Jun 27,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ချောင်းကျေးရွာ အုပ်စု ရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ကျေးလက် နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26632
Page
26633
Page
26634
Page
26635
Current page
26636
Page
26637
Page
26638
Page
26639
Page
26640
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department