အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကူးစက်ခံ ရသူအရေအတွက် နေ့စဉ်မြင့်တက် လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းလမ်းတွင် အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၀၆)ရပ်ကွက် ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ကုသရေးစင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့သည်။
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်း အဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင် ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိ ကုသ ပေးနေသော ရောဂါ လက္ခဏများနှင့် ပတ်သက်၍ အကြောင်းအရာများကို ယမန်နေ့ မွန်းလွဲ (၃) နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စိုးမိုးဝင်းနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။
Jul 13,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား လျက်ရှိပြီး ယမန်နေ့ ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၄၁)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၂၅၄၁)ဦး အထိရှိလာ ကြောင်း သိရသည်။
Jul 13,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန် နေ့ တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၈) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး (၁၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှ သိရသည်။