Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါလေမြိုင်မြို့၌ အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုး ဖြန့်ဝေခြင်းဆောင်ရွက်
Jul 16,2021
ကရင်ပြည်နယ်၊ မြဝတိခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြား နိုင်ရေးလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လက်ကမ်းစာစောင်(၃)မျိုးကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အတွင်း သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရန် မြန်မာ့စာတိုက်တွင် လျှောက်ထားနိုင်
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင် လက်မှတ် နှင့် အမှတ်စာရင်းများထုတ်ယူလိုပါက မိုင်းဆတ်မြို့ စာတိုက်ရုံးမှတစ်ဆင့် လာရောက်လျှောက်ထား ထုတ်ယူနိုင်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန် အလှူငွေများလှူဒါန်း
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာမှုကြောင့် ရောဂါ ကူးစက်ခံရသူလူနာများ အဓိကလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းက အလှူငွေ များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရန် ယနေ့နံနက်(၉)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့အဝင်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၁၄)ဦးကို Swab ယူစစ်ဆေးရာ (၇)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Jul 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swabယူ စစ်ဆေးရာ (၇)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်မှု များတွင် ICRC မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်၍ တွေ့ဆုံဆွ…
Jul 16,2021
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 16,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဝန်ထမ်းများ စာဖတ်သည့်အလေ့အထရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများအား စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26337
Page
26338
Page
26339
Page
26340
Current page
26341
Page
26342
Page
26343
Page
26344
Page
26345
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department