Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝိုင်းမော်မြို့နယ်၌ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၇၀)ဦးထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မူများ ဆက်လက်ဆောင်ရွက်
Jul 28,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် သီးသန့်ထားစောင့်ကြည့်ကုသပေးသွားမည့် ရပ်ကွက်- ၁၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကိုကြိုတင်ပြင်ဆင်ဆောင်ရွက်နေမူများကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီအချိန်က ရှင်းလင်းဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့တွင်မီးဘေးသင့်ပြည်သူအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေး
Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နေ့လည် အချိန်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့၍ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ရပ်ကွက်အချို့ရှိ ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပေး…
Jul 28,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက် အချို့နေအိမ်များအား ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့်အိမ်ထောင်စုများအတွက် နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၏လမ်းညွှန်မှုများဖြင့် နေရာ(၈)ခုတို့၌ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထား ပြီးဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှုမရှိစေရေး မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှ…
Jul 28,2021
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် COVID-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေး မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ ကုန်သည်လမ်းနှင့် မီးသွေးတန်းလမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံ၊ စဝ်စံထွန်းစျေး၊ ၂၁၂ စျေး၊ အမှတ်(၅)စျေး များတွင် မိုဘိုင်း လှည့်လည်၍ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်အတွင်း အောက်စီဂျင်အမှန်တကယ်လိုအပ်နေသူများကို အောက်စီဂျင်အိုးများ အခမဲ့ဖြန့်ဝေ
Jul 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ရှိသူလူနာများ အောက်စီဂျင်လုံလောက်မှုမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးမှု မရှိစေရေးအတွက် ယမန်နေ့ ညနေ ၃နာရီအချိန်မှ စတင်၍ အမှတ်(၄)ရပ်ကွက်၊ (၅၄)လမ်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်မှ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသောအိမ်ထောင်စု (၁၅)စုအား မြို့နယ်အောက်စီဂျင်ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီ၏ ကြီးကြပ်မှုဖြင့် လီတာ (၃၀)ဆံ့ အောက်စီဂျင်(၁)အိုး၊ လီတာ(၁၅)ဆံ့ အောက်ဆီဂျင်(၅)အိုးနှင့် လီတာ(၁၀)ဆံ့ အောက်ဆီဂျင်(၉)အိုးတို့အား အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
Jul 28,2021
စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ဆေးရန်လိုအပ်မည့် နေရာများရွေးချယ်ပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များကို ဇူလိုင်(၂၇)ရက်နေ့မှစတင်၍ နေ့စဉ် နံနက်(၆)နာရီမှညနေ(၅)နာရီအထိ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၌ တစ်ရက် ၄၀လီတာဆံ့ အောက်ဆီဂျင်အိုးကြီးအလုံး၂၀၀ ထုတ်လုပ်နိုင်မည့်စက်ရုံ၏ အဆောက်အအုံတည်ဆောက်ရေးအတွက် အလှူငွ…
Jul 28,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ဆောင်ရွက်မှုဖြင့် ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၌ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးကြီး အလုံး၂၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်မည်ဖြစ်ရာ အဆိုပါ စက်ရုံတည်ဆောက်ရာတွင် လိုအပ်သည့်အဆောက်အအုံ ကြိုတင်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်နှင့် အသံချဲ့စက်များဖြင့် မြို့တွင်း လ…
Jul 28,2021
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ဇူလိုင်လ၂၆ရက်နေ့က မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26298
Page
26299
Page
26300
Page
26301
Current page
26302
Page
26303
Page
26304
Page
26305
Page
26306
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department