Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိုင်မြို့ယာယီပျံကျဈေး အနီးတွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ နံနက် ၆ နာရီအချိန်က ယာယီပျံကျဈေး (မြို့မ အားကစားကွင်း )အနီးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို လှည့်လည်ကြေညာ
Sep 08,2021
သံတွဲခရိုင်၊ ငပလီမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့ ညနေ ၄ နာရီအချိန်က လူစည်ကားရာ နေရာများတွင် လှည့်လည်၍ ပြည်သူများထံ အသိပေးလှုံ့ဆော် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဘားအံစက်မှုဇုန်အနီး မွေးမြူရေးဇုန်တစ်ခု ဖော်ဆောင်
Sep 07,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ရောက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးမွေးမြူရေးကို အဓိကထား၍ စီးပွားကုန် ထုတ်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဘားအံစက်မှုဇုန်အနီး မွေးမြူရေးဇုန်တစ်ခုကို ဖော်ဆောင်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Sep 07,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေး အဆင့်လိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများအား ယနေ့ နံနက် က တပင်ရွှေထီးရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ပုံ- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးနေစဉ်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတို့မှ လှူဒါန်းသည့် Oxyge…
Sep 07,2021
ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ Oxygen Concentrator များနှင့် ကာကွယ်သုံးပစ္စည်းများ လှူဒါန်းမှုကို စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင် ဝါးနော်ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ပြည်သူ(၁၃၁၉၂)ဦး ဒုတိယအကြိမ် အောင်မြင်စွာ ထိုးနှံပြီးစီး
Sep 07,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးမှုကို ဩဂုတ်၂၇ရက်နေ့မှ စက်တင်ဘာ၅ရက်နေ့အထိပြည်သူ (၁၃၁၉၂)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးပြီး ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ်၊ မြင်ချင်ကျေးရွာ၊ အဆင့်မြင့် လယ်ယာဖော်ဆောင်ခြင်း စီမံကိန်းအတွင်းရှိ တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက် နှုန်းတိုးတက်ရေးအတွက် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် မြေသြဇာကြဲပတ်နေမှု၊ သမန်းနိုး နေမှုနှင့် ဓာတ်မြေသြဇာများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် အပင်မှအဟာရ ပြည့်ဝစွာ စားသုံးနိုင်စေရန်၊ ဓာတ်မြေသြဇာနှင့် သဘာ၀မြေသြဇာတို့ကို တောင်သူများအကျိုးရှိရှိ တွဲဖက်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဓာတ်မြေသြဇာရောစပ်နေမှု သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် မိုးမြေပဲ စံကွက်ရိတ်သိမ်း တစ်ဧက အစိုထွက် ၈၉ဒသမ၁၇ တင်းထွက်ရှိ
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ကွင်းအမှတ် (၂၉၃) တောင်သူ ဦးမြငွေ ၏မိုးမြေပဲစိုက်ခင်းတွင် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းရာ တစ်ဧက အစိုထွက် ၈၉ဒသမ၁၇ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25830
Page
25831
Page
25832
Page
25833
Current page
25834
Page
25835
Page
25836
Page
25837
Page
25838
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department