Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့သို့ စေတနာရှင်အလှုရှင်များ စုပေါင်းလှုဒါန်းမှုဖြင့် ကိုယ်ထူ/ကိုယ်ထတည်ဆောက် လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် Oxygen Plant စက်ရောက်ရှိ
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့သို့စေတနာရှင် အလှုရှင်များ စုပေါင်းလှုဒါန်းမှုဖြင့် ကိုယ်ထူ/ကိုယ်ထတည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် Oxygen Plant စက်သည် ယမန်နေ့ည(၆)နာရီခွဲအချိန်က ကြံခင်းမြို့ မြို့မရပ်ကွက်လမ်းမတော်လမ်းနှင့် မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာနေရာသို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီ အဖွဲ့ဝင်များက စောင့်ကြိုနေရာချစီစဉ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး
Sep 08,2021
မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ တစ်ဦး၊ ရောဂါသက်သာပျောက်ကင်းသူ လေးဦး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၄၆ ဦးရှိလာ
Sep 08,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင် တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ လေးဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၄၆ ဦးရှိ ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်း ဆန်တော်များ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ သံဃာတော်များအား ဆက်ကပ် လှူဒါန်း
Sep 08,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ ဆွမ်း၊ကွမ်း ကိစ္စကြောင့်ကြမှု မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်း ဆန်တော်များကို ယမန်နေ့ ညနေ ၃ နာရီက ဆိပ်ကြီးခနောင်တို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများက ရပ်ကွက် အလိုက် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့်ဆောင်ရွက်
Sep 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်ဟုတ်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ဝင်/ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းလမ်းဆုံများ၌ နေအိမ်ပြင်ပထွက်သွား လာသူများအား တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ ရင်မှီးရပ်ကွက်အတွင်းရှိ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ရင်းမှီးရပ်ကွက်ရှိ ဆေးထိုးစုရပ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များအညီ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိ
Sep 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ လက်ကမ်း စာစောင်များ ဖြန့်ဝေ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာများဖြစ်သော အ.ထ.က(၄) ကျောင်း၊ မြို့နယ် ပြည်သူ့ဆေးရုံနှင့် အမှတ်(၁)မူလတန်းလွန်ကျောင်းတို့တွင်ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25824
Page
25825
Page
25826
Page
25827
Current page
25828
Page
25829
Page
25830
Page
25831
Page
25832
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department