Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ် ဆုံမကျီးပင်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 08,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးမျိုးတင့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် (၁၁) နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် ဆုံမကျီးပင်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Sep 08,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၄၀၅ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၂၁စု ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်
Sep 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်
Sep 08,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို စက်တင်ဘာလ ၆ ရက်နေ့က ကျန်းမာရေးဒေသန္တရဆေးခန်းနှင့် (၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်
Sep 08,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဟိုဂျစ်ကျေးရွာနှင့် လယ်တောကျေးရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ (၂၈၇၃) ဦးထိုးနှံပြီးဖြစ်
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက်(၆၅) နှစ်အထက်နှင့် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများကို စက်တင်ဘာလ (၄) ရက်နေ့ နံနက်(၉)နာရီမှ စတင်ကာ ထီးချိုင့်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂) ဖွဲ့ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ် ပေးထားသည့်နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်ပွဲပြုလုပ်
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25823
Page
25824
Page
25825
Page
25826
Current page
25827
Page
25828
Page
25829
Page
25830
Page
25831
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department