အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများ များပြားလာသည့် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ် တွင် အကျုံးဝင်ကြောင်း သတ်မှတ်ဆဲကာလ ဖြစ်နေသေးပြီး ရောဂါတားဆီးကာကွယ်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ကာ မြို့မအနောက် ရပ်ကွက်အတွင်းရှိ ပြည်သူ များအား မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြို့မ(၂)အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တို့တွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်က ထောက်ပံ့ပေးသည့် အမျိုးသားလူမှုရေး ပင်စင်ငွေများကို ယနေ့က ရပ်/ကျေးစီမံအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်နှင့် သီလရှင်ကျောင်းများမှ သီလရှင် စုစုပေါင်း (၁၅၇၀) ပါးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်နှင့် သီလရှင်ကျောင်းများမှ သီလရှင် စုစုပေါင်း (၁၅၇၀) ပါးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Sep 10,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အင်ဂျင်နီယာ များပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယမန်နေ့ နံနက်ပိုင်းက   ဝေသာလီ- ဥဒေါင်း သွားကားလမ်းတွင် လမ်းများ ပျက်စီး ၊ ယိုယွင်း နေမှုများကြောင့် ယာဉ်များသွားလာမှု အခက်အခဲများ ဖြစ်ပေါ်နေသည့် အခြေအနေများ အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် ပြည်သူ့‌ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသူများ အောက်ဆီဂျင်လိုအပ်ချက်များအတွက်နှင့် ကျန်သည့်ကျန်းမာရေးစောင့်ရှောက် မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူ ငွေများဖြင့် အောက်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်လျက်ရှိ ရာ (၈၀)ရာခိုင် နှုန်းကျော်ပြီးစီးပြီး စက်ပစ္စည်းများ ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
Sep 10,2021
မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာငွေ  အရသုံးလျာထားချက်အပေါ် အောက်တိုဘာလမှ    ဩဂုတ်လအထိ   အကောင်အထည် ဖော်နိုင်မှုနှင့်  ဘဏ္ဍာရေးနှစ်အလွန် အသုံးစရိတ်များတင်ပြခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ နံနက်၁၀နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်သည်။