အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ထိုဇောတိကာရုံကျောင်းတိုက် ဓမ္မာရုံတွင် Social Distancing နှင့် အညီ ဆောင်ရွက်ခဲ့ကြသည်။
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပဏာမ စိစစ်ရွေးချယ်ခြင်းအတွက် ‌မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများ ၊ ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အ-ထ-က (၁) တေဇာသီရိခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုခြင်းအလိုက် ငွေကြေးထောက်ပံ့နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုထောက်ပံ့ငွေ ပေးအပ်ရေး အဖွဲ့သို့ ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရွေးချယ်ဖွဲ့စည်းခဲ့သည်။
Aug 13,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ ထံသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 13,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် ဘင်တဲကုန်း ကျေးရွာတွင် အကောင်ထည်ဖေါ် ဆောင်ရွက်မည့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေကို ယနေ့ နံနက် (၁၁) နာရီ အချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။