အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 07,2025
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Oct 07,2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ (၆) ရက်နေ့ညနေပိုင်းတွင် သရက်ခရိုင် ကံမမြို့ရှိ  ဘုရားစေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 07,2025
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်ရင်ပြင်၌ ဆီမီး ၉၀၀၀ ကပ်လှူ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်နေ့ညက ဘုရားကြီး၏ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများမှ ဆီးမီးတစ်ထောင်အားထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။
Oct 07,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ လွိုင်ကော်မြို့ကျက်သရေဆောင် သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ညကကျင်းပသည်။
Oct 07,2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 07,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ​ကျေးရွာ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်များပြားလျက်ရှိရာ ယနေ့တွင်စက်စဲအပန်းဖြေကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ​ကြောင်း သိရသည်။